Wednesday, March 13, 2013

ဗုဒ္ဓဟောကြားခဲ့သော ဒေါသရန်ငြိုး ဖြေဖျောက်နည်း

Filled under:



ရန်ငြိုးရန်စဖြေဖျောက်နည်း (၁၁)နည်း

(၁) မေတ္တာဈာန်ဝင်စား၍ ရန်ငြိုးဖြေဖျောက်ခြင်း ...။
(၂) ဒေါသအပြစ်တို့ကို ဆင်ခြင်၍ ရန်ငြိုးဖြေဖျောက်ခြင်း ...။
(၃) ရန်သူ၏ အကျင့်ကောင်းများကို ဆင်ခြင်၍ ရန်ငြိုးဖြေဖျောက်ခြင်း ...။
(၄) ကရုဏာဖြင့် ရန်ငြိုးဖြေဖျောက်ခြင်း ...။
(၅) ဘုရားရှင်ဟောကြားတော်မူသည့် တရားတော်များ၊ သြဝါဒများကို ဆင်ခြင်ပွားများ၍ မိမိကိုယ်ကိုမိမိ ဆုံးမကာ ရန်ငြိုးဖြေဖျောက်ခြင်း ...။
(၆) ကမ္မဿကတာဉာဏ်ဖြင့် ရန်ငြိုးဖြေဖျောက်ခြင်း ...။
(၇) မြတ်စွာဘုရား ဟောကြားတော်မူခဲ့သည့် ဇာတ်တော်လာ သည်းခံနည်း များဖြင့် ရန်ငြိုးဖြေဖျောက်ခြင်း ...။
(၈) သံသရာတလျှောက်လုံး၌ မိဘ ညီအကိုမောင်နှမ ဆွေမျိုး မတော်စပ်ခဲ့ဖူး သူ မရှိပါလားဟု ဆင်ခြင်သည့်နည်းဖြင့် ရန်ငြိုးဖြေဖျောက်ခြင်း ...။
(၉) မေတ္တာအကျိုးတရားများကို ဆင်ခြင်၍ ရန်ငြိုးဖြေဖျောက်ခြင်း ...။
(၁၀) ဓာတ်ခွဲ၍ ရန်ငြိုးဖြေဖျောက်ခြင်း ...။
(မိမိ၏ ရုပ်နာမ်မမြဲခြင်းသဘောကို ဆင်ခြင်၍ ငါလည်း တချိန်သေရမည်၊ သူတို့လည်း တချိန်သေရမည်ဟု နှလုံးသွင်း၍ မရဏာနုဿတိတရား ပွားများ၍ ရန်ငြိုးဖြေဖျောက်ခြင်း)။
(၁၁) ပစ္စည်းဥစ္စာ ပေကမ်းထောက်ပံ့သောနည်းဖြင့် ရန်ငြိုးဖြေဖျောက်ခြင်း တို့ပင် ဖြစ်ကြပါသည် .။

1 comments: