Monday, April 15, 2013

ဓမ္မတန်းဘိုး

Filled under:


ဓမ္မကို ဒီဘ၀မှာ မလေ့လာ ၊ မသင်ယူလိုက်ရတာဟာ အတော်ကို နစ်နာတယ်။ နိဗ္ဗာန်တွေ ၊ မဂ်ဖိုလ်တွေကို ခဏထားလိုက်ပါအုံး။ အနည်းဆုံးတော့ ကိုယ့်ကိုကိုယ် ဘာလဲဆိုတာတော့ သိသွားတယ်။ အဲဒါကို ပါဠိစာပေမှာ သမ္မာဒဿနလို့ ခေါ်တယ်။ သမ္မာဒဿန ဆိုတာ သမ္မာဒိဋ္ဌိပဲပေါ့။
ဒီတော့ ကိုယ့်ဘ၀ကို သမ္မာဒိဋ္ဌိနဲ့ လျှောက်မလား ? မိစ္ဆာဒိဋ္ဌိနဲ့ လျှောက်မလား လို့ မေးလာရင် ဖြေနိုင်အောင် ဘုန်းကြီးတို့ ယနေ့ သင်ပေးနေတာ။

သီတဂူဆရာတော်ကြီး အရှင်ဥာဏိဿရ
ယနေ့ ၁၄-၄-၂၀၁၃ သင်္ကြန်အကျနေ့ ၊ ညနေ ၆ နာရီတွင် ဒဂုံမြို့ သစ်မြောက်ပိုင်း သီတဂူဗုဒ္ဓတက္ကသိုလ်၌ ဒုတိယနေ့ ညနေပိုင်းအစီအစဉ်အဖြစ် သင်ကြားပို့ ချသော မဟာသတိပဌာနသုတ် မှ ကောက်နုတ်ဖော်ပြပါသည်ခင်ဗျာ။

0 comments:

Post a Comment